နတ်မောက် စက်တင်ဘာ ၁
နတ်မောက်မြို့နယ်တွင် ကလျာဏမိတ္တကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့က နေအိမ်ပြင်ပထွက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ၊ ကာကွယ် ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း (Mask) များကို ယမန်နေ့ ညနေ(၃)နာရီက မြို့မစည်ပင် သာယာရေးဈေး အရှေ့ဘက်လမ်းဆုံတွင် အခမဲ့လိုက်လံဝေငှပေးခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့ ကလျာဏမိတ္တ ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့က ဈေးရောင်း ဈေးဝယ်သူများ၊ သုံးဘီးယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာသူ များအား ပြန်လျှော်သုံးနှာခေါင်းစည်း(Mask) (၅၅၀)ကို (၁၇) ကြိမ်မြောက် အခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ပြီး၊ ဆက်လက်၍လည်း ကျေးရွာများအရောက် ဝေငှပေးနိုင်ရေး အလှူရှင်များစုပေါင်း၍ ဆောင်ရွက်သွားမည်ဟု အဖွဲ့ဝင် မချောစု ကပြောကြားသည်။
လှဝင်း (နတ်မောက်)