သုံးခွ စက်တင်ဘာ ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း (၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ ရခိုင် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စား လှယ်လောင်း (၆)ဦးရှိပြီး ယင်းကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကပ်ထားကြေညာထားကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
သုံးခွမြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၄)အုပ်စု၊ ကျေးရွာပေါင်း (၁၆၂)ရွာ အတွက် မဲရုံ(၁၆၈)ရုံရှိပြီး လက်ရှိကြေညာပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၃၀၇၆)ဦး ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်