မော်လမြိုင် စက်တင်ဘာ ၁
မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့ကော့နှတ်ကျေးရွာအုပ်စု ယမန်နေ့ နေ့လယ်ပိုင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန် စေရေးအတွက် အိမ်တိုင်ရာရောက် စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များပြည့်စုံ မှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် များအားလုံး မဲစာရင်းတွင် အမည်စာရင်းပါရှိရေးနှင့် မပါဝင်သင့်သူများပါဝင်မှုမရှိစေရေးတို့အတွက် ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)