ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား​ဆောင်ရွက်နိုင်​ရေး Outdoor Fitness အားကစားပစ္စည်းများ တပ်ဆင်​ပေး

ဖာပွန် စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့မှာ အများပြည်သူ ကိုယ်လက်လှု​ပ်ရှားအားကစား ဆောင်ရွက်နိုင်​ရေးအတွက် ရည်ရွယ်၍ Outdoor Fitness အားကစားပစ္စည်းများကို တပ်ဆင်​ပေးထားကြောင်း သိရှိရသည်။

အများပြည်သူ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်​ရေးအတွက် တပ်ဆင်​ပေးထားသည့် Outdoor Fitness အားကစားပစ္စည်းများမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ​ထောက်ပံ့​ပေးအပ်ခြင်းဖြစ်​ကြောင်း၊ အားကစားပစ္စည်းများတပ်ဆင်ခြင်းကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်း၊ ဖာပွန်မြို့၊ မိုးလုံ​လေလုံအားကစားခန်းမ​ဘေးတွင် Outdoor Fitness အားကစားပစ္စည်းတစ်စုံနှင့် အမှတ် (၁) ရပ်ကွက် ယွန်းစလင်း​ချောင်း​ဘေးတွင် Outdoor Fitness အားကစားပစ္စည်းတစ်စုံ စုစု​ပေါင်းအားကစားပစ္စည်း (၂) စုံကို (၂) နေရာခွဲ၍တပ်ဆင်​ပေးထားကြောင်း၊ မည်သူမဆိုလွတ်လပ်စွာဖြင့် ကျန်းမာ​ရေးအတွက် ကိုယ်လက် လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်​ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)