လသာမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်​​ဆောင်မိခင်များအား ​ထောက်ပံ့​ငွေများ​ပေးအပ်ရန်အတွက် စာရင်း​​​​​ကောက်ယူမှုများ ​ဆောင်ရွက်မည်

လသာ စက်တင်ဘာ ၁

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား  ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ်တည်း ၃၀၀၀ဝိ/- (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထိုသို့ ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်း ပေးသွင်းရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကို ကိုဗစ်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုသာ ရရှိပြီး  ကျန်တိုင်း ဒေသကြီး ပြည်နယ်များတွင် MCCT မှ စ်ဆင့် ထောက်ပံ့လျက်ရှိသည်။    

ထိုသို့ စာရင်းပေးသွင်းရာတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ အားလုံးအနေဖြင့် ထောက်ပံ့ပေးမှုတွင် ကျန်ရှိမှုများ မဖြစ်စေရန်အတွက် အဆိုပါ Application တွင် စာရင်းမသွင်း ရသေးသူများအား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ လာရောက် စာရင်းပေးသွင်း နိုင် ကြောင်းနှင့် ထို့သို့ လာရောက် စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင် မှတ်တမ်း စာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေး လိုက်သည့် ဆေးမှတ်တမ်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကိုပါ အတူတကွ ယူဆောင်လာကြရန် သက်ဆိုင်ရာ ရပ်ကွက်များမှ နှိုးဆော်ကြေညာပေးလျက် ရှိကြောင်း လသာမြို့နယ်၊ လူဝန်ထမ်းဦးစီးဌာန၊ အမှတ်(၆) မူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမ ကြီး ဒေါ်ခိုင်ခိုင်ထံမှ သိရသည်။

အဆိုပါ​ ထောက်ပံ့ခြင်းတွင် လက်ရှိကိုယ်ဝန်​ဆောင်မိခင်များနှင့် သြဂုတ်လ()ရက်​နေ့​ နောက်ပိုင်း​မွေးဖွားသူ မိခင်များပါ ရရှိမည်ဖြစ်​ကြောင်း သိရှိရသည်။

မေသူ(ပြန်/ဆက်)