လမ်းမတော်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက် အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် UMFCCI နှင့် ရခိုင်ပြည်နယ် CCI တို့ လက်တွဲကြိုးပမ်းဆောင်ရွက်ရေးဆွေးနွေး

လမ်းမတော် စက်တင်ဘာ  ၁

လမ်းမတော်မြို့နယ်  UMFCCI  တွင် ရခိုင်ပြည်နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော  ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ အကျိုး ဆက်ကြောင့် စားနပ်ရိက္ခာများ၊ လူသုံးကုန် များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်း တည်ငြိမ်စွာ ရောင်းဝယ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်သည် ရခိုင်ပြည်နယ် CCI နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ယမန် နေ့ မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့သည်၊၊

ကုန်သည်စက်မှုအသင်းချုပ်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်သို့ အရေးပေါ်လိုအပ်မည့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးနှင့်စားနပ်ရိက္ခာများ လှူဒါန်းသွားမည် ဖြစ်ပြီး အသင်းသူအသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင် များနှင့် လုပ်ငန်းရှင်များမှလည်း ထည့်ဝင်လှူဒါန်းလိုပါက ပူးပေါင်းပါဝင်ရန် တိုက်တွန်းနှိုး ဆော်ထားသည်။

အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အသင်းချုပ်အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ 

ကျော်ဆန်းမြင့်