ကျောင်းကုန်းမြို့၌ ခေတ်သစ်အားမာန် ပရဟိတအသင်းမှ နှာခေါင်းစည်း ၁၅၀၀ ကျော် ဖြန့်ဝေလှူဒါန်း

ကျောင်းကုန်း စက်တင်ဘာ ၁

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ခေတ်သစ်အားမာန် ပရဟိတအသင်းမှ ယနေ့နံနက် ၈ နာရီခွဲအချိန် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်း (၁၅၀၀)ကျော် ဖြန့်ဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။

ယခုဆိုလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ပိုမိုပြင်းထန်လာသည်ဖြစ်၍ မဖြစ်မနေ အပြင်သွား လာပါက နှာခေါင်းစည်း mask များ တပ်ဆင်အသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်မှုကို ကာကွယ်နိုင်မည် ဖြစ်ရာ လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးကြီး အနီးလမ်းဆုံနှင့် မြို့ထိပ် ဗိုလ်ချုပ်ပန်းခြံအနီးတို့တွင် ‌နှာခေါင်းစည်း (၁၅၀၀)ကျော် ဖြန့်ဝေ ပေးခဲ့ခြင်း‌ဖြစ်ကြောင်း ခေတ်သစ်အားမာန် ပရဟိတလူငယ်အသင်းမှ ကိုပြည့်စုံအောင် က ပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)