ပန်ဆိုင်း စက်တင်ဘာလ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၅)တွင် နေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန်(၁)ဦးနှင့် မိသားစုဝင်(၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါရှိ /မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်သည်။
အဆိုပါဆောင်ရွက်ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ တီခွန်ဆန်ဒွန်း ဦးဆောင်သည့် တာဝန်ရှိသူတို့က ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ဖတ် ၊ အာခေါင် တို့ဖတ်တို့ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန်(၁)ဦးနှင့် မိသားစုဝင်(၅)ဦးတို့ကို သီးခြားကန့်သတ်စောင့်ကြည့်ထားပြီး ကျန်းမာရေး ဝန်ကြီးဌာန အဆင့်ဆင့်သို့ ပို့ဆောင် စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။
သန်းမိုးခိုင် (ပြန်/ဆက်)