သတင်းများ

မြန်အောင်မြို့နယ်အတွင်း စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Sep 01,2020
မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချိုချို ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်က စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြိတ်ခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်ခရိုင် Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်မှာကြားချက်များနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ခြင်း ပုံပါကျင်မြို့တွင်ဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူး ကျေးရွာ (လားဟူ) တွင် သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀ )နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း များ ကြေညာထား
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းရယ်မြို့နယ်အတွင်း ပါဝင်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအမည်စာရင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် သြဂုတ် လ ၃၀ရက်နေ့မှ စတင်ပြီး ကြေညာထားရှိသည်။
ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ထားရှိရောင်းချနေမှု စစ်ဆေး
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာတာ၀န်ရှိသူများက ယမန်နေ့နံနက် (၈) နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိရာ အမှတ်(၅၅) ရပ်ကွက် လျှပ်စစ်ဓါတ်အားရရှိမှုအား နည်းသည့်အတွက်အခက်ခဲဖြစ်​နေမှု့နှင့် အမှတ်(၁၀၅) ရပ်ကွက်​လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်း​ထောင့် Box Culvert​ ဆောက်လုပ်ရန်​ မြေသား လုပ်ငန်း​ ဆောင်ရွက်​နေမှု ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီအချိန်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်တရားမြို့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အတွက် ကော်မတီဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နောင်တရားမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။