သတင်းများ

ဒီးမော့ဆို မြို့မစျေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 18,2020
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီခွဲက ဒီးမော့ဆိုမြို့မစျေး၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပြည်သူများ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက လူစည်ကားရာနေရာများ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်သိမ်းဆည်း
Mar 18,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံများ ရင့်မှည့်နေပြီဖြစ်၍ ယခု မတ်လဆန်းပိုင်းက စတင်ကာ တောင်သူများ စတင် သိမ်းဆည်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှင်များနှင့် တွေ့ဆုံကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အတွက် လိုက်နာရန်အချက်များ အသိပညာပေးဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဘုတလင်မြို့နယ် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်း
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် ယမန်နေ့ ညပိုင်းမှ စတင်၍ လျှပ်စစ်မီးလင်းပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံထံမှ သိရသည်။
သုံးခွမြို့၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဌာနဆိုင်ရာများ လ၀က်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌(COVID-19) ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌မှူး ဒေါက်တာဇော်၀င်းသန်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အဝေးပြေးကားများ၌ လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗွီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ကားမှန်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၇၉၁ ဦးအား သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့
Mar 18,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်၊ ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှသိရသည်။