မြန်အောင် စက်တင်ဘာ ၁
မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချိုချို ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်က စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမြတ်သူနှင့် အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးညွန့်ရွှေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ထုတ်ပေးထားသော စားသောက် ဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် ကိုဗစ်- ၁၉ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များလိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)