သတင်းများ

ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ တိုင်းရင်းသားပုံပြင်စာအုပ်များလှူဒါန်း
Mar 17,2020
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်တွင် အများပြည်သူများ တိုင်းရင်းသားစာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကား တတ်မြောက်မှု မြင့်မားစေရန်နှင့် မြန်မာစာပေ မြန်မာစကားကို လေ့လာရာတွင် အထောက်အကူ ရရှိစေရန် ရည်ရွယ်၍ UNICEF  မြန်မာမှ တိုင်းရင်းသားဘာသာပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။
ရေဦးမြို့နယ်တွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား (၂)စင်း ဆောင်ရွက်လျက်ရှိ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
နတ်မောက်မြို့နယ် ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေ ဂါလံ ၂၈၀၀ လှူဒါန်း
Mar 17,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်မှုဖြင့် သောက်သုံးရေ လိုအပ်နေသည့် ထနောင်းကုန်းကျေးရွာအတွက် ရေဂါလံ ၂၈၀၀ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က  နတ်မောက်မြို့ ကမော္ဘဇအနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ကလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
မိုးမောက်မြို့မ စျေးအတွင်းရှိ စားသောက်ဆိုင်/စျေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကွင်းဆင်း စစ်ဆေး
Mar 17,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေးဦးစီးဌာန(FDA) မှ ပြည်နယ် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီတွင် စစ်ဆေးခဲ့သည်။
နွေစပါးစိုက်ပျိုးသည့် တောင်သူများ အနှံထွက်ချိန် နှံစုပ်ပိုးကျရောက်မှုကာကွယ်ကြရန်လိုအပ်
Mar 17,2020
ပဲခူတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်တမံမှ ရေပေးဝေမှုဖြင့် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စတင်၍ နွေစပါးများ စိုက်ပျိုးခဲ့ရာ သက်ရင့် ရက်ကိုးဆယ် ထိုင်းကောက်စပါးများ အနှံများ ထွက်ရှိ လာကြပြီ ဖြစ်သည်။
ဘုတလင်မြို့တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 17,2020
COVID-19 ရောဂါနှင့်ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ လူစည်ကားရာ နေရာများတွင် ယမန်နေ့မှ  စတင်ကာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မိတ္ထီလာမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးရေး ညှိနှိုင်းဆွေးနွေး
Mar 17,2020
မိတ္ထီလာမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် ကျေးရွာများအထိ အသိပညာပေးရေး ရည်ရွယ်ပြီး   Action  aid Myanmar နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က Action aid ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေမည့် စနစ်ကျ လယ်ယာမြေ ဧက ၂၀ဝ ဖော်ထုတ်
Mar 17,2020
စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်လျက်ရှိကြသည့် တောင်သူများ၏ လက်မှု လယ်ယာ ခေတ်မှသည် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေး မဟာဗျူဟာ စီမံကိန်းဖြင့် စနစ် ကျ လယ်ယာမြေ ဧက ၂၀ဝ အား ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၅၈ ကွင်းတွင် ဇန်နဝါရီ  ၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်ထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။