မြိတ်ခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြိတ် စက်တင်ဘာလ ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်ခရိုင် Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်မှာကြားချက်များ နှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးခင်မောင်ကြည်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲအတွင်းရေးမှူးများက မြို့နယ်အလိုက်ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးခင်မောင်ကြည်၊ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦး၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် မြို့နယ် (၆) မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)