သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ခြင်း ပုံပါကျင်မြို့တွင်ဆောင်ရွက်

ပုံပါကျင်            စက်တင်ဘာ         ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)  မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူး ကျေးရွာ (လားဟူ) တွင် သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀ )နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထို့သို့ပေးအပ်ရာတွင် ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နားကောင်းမူး (လားဟူ)ကျေးရွာ၌ သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၃)ခုကို ပုံပါကျင်မြို့ ဦးစီးမှူး ဦးကျော်စွာဝင်းနှင့်တာဝန်ရှိသူတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသူများ လက်ဝယ် အရောက် ပေးအပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားမရရှိသေးသူ(၂၃)ဦးအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

စန္ဒီ(ပြန်/ဆက်)