သတင်းများ

ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရခိုင်ပြည်နယ် ၊စစ်တွေမြို့ပြန်(၁)ဦးနှင့် မိသားစုဝင်(၅)ဦးအားဓာတ်ခွဲနမူနာရယူ
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၅)တွင် နေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန်(၁)ဦးနှင့် မိသားစုဝင်(၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါရှိ /မရှိ ဓာတ်ခွဲ အတည်ပြု နိုင်ရေး အတွက် နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်သည်။
ကျောင်းကုန်းမြို့၌ ခေတ်သစ်အားမာန် ပရဟိတအသင်းမှ နှာခေါင်းစည်း ၁၅၀၀ ကျော် ဖြန့်ဝေလှူဒါန်း
Sep 01,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ခေတ်သစ်အားမာန် ပရဟိတအသင်းမှ ယနေ့နံနက် ၈ နာရီခွဲအချိန် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်း (၁၅၀၀)ကျော် ဖြန့်ဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကသွယ်ချောင်း မြေထိန်းနံရံ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Sep 01,2020
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ကသွယ်ချောင်း မြေထိန်းနံရံ တည်ဆောက်နေမှုအား တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်
Sep 01,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက စတင်၍ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း၊ မြရတနာခန်းမတွင် မြို့နယ်မဲဆန္ဒရှင်များစိစစ်ရေးကော်မတီအဖွဲ့များနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 01,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အသိပညာပေးဆောင်ရွက်ခြင်း များ၊ နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း မတပ်သူများအား အရေးယူဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန်ဝေပေးခြင်များကို ဆောင်ရွက်လျက်ရှိသည်။
ဇလွန်မြို့၌ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ / မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် ဆောင်ရွက်
Sep 01,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။