သတင်းများ

ကျောင်းကုန်းမြို့၌ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် နှာခေါင်းစည်းမတပ်ဆင်သူများအား နေ့စဉ်စစ်ဆေးခြင်းဆောင်ရွက်
Sep 02,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် နှာခေါင်းစည်း မတပ်ဆင်မှုများ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်၊ မိုးလုံလေလုံအား ကစားခန်းမ ရှေ့၌ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာတွင် အလျားပေ ၁၂၀ ၊ အနံပေ ၃၀ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပ
Sep 02,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်မည့် အလျားပေ ၁၂၀ ၊ အနံပေ ၃၀ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ(အ.လ.က)ကျောင်းဝန်း၌ ကျင်းပခဲ့သည်။
တန့်ဆည်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ဆဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေးပေး
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်း၍ ဆဋ္ဌမအကြိမ် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆံဆွဲအုပ်စု၊ ရေရှင်ကုန်းကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၉)ဦးအား Facility Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာမှ (၁)ဦး၊ သောင်လယ်ကျေးရွာမှ (၃)ဦး၊ မုန်းဒေသမှ(၁)ဦး၊ ညောင်ပင်သာကျေးရွာမှ (၁)ဦး၊ မွေတွင်းကျေးရွာမှ(၁)ဦး၊ မိချောင်းခေါင်း ကျေးရွာမှ (၂)ဦး၊ စုစုပေါင်းနေရပ်ပြန်(၉)ဦးတို့သည် ထိုင်းနိုင်ငံရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ခြံလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ(၄)နာရီ တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့့် မြို့နယ်ကော်မတီဝင်များက ပဲနွယ်ကုန်းမြို့တွင် သွားရောက် ခေါ်ဆောင်ခဲ့သည်။
ပန်လုံမြို့တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP အရ စပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးပြုစုစရိတ်ထောက်ပံ့ပေးအပ်
Sep 02,2020
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ပန်လုံမြို့ မုန်းကွန်ကျေးရွာတွင် COVID စီးပွား ရေး ကုစားမှုအစီအစဉ်(COVID-19 Economic Relife Plan ) အရ စပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉နာရီ၃၀ မိနစ်အချိန်က မုန်းကွန်ကျေးရွာ ဧည့်ခံရေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အုန်းတောတံတား ၇၅ ရာခိုင် နှုန်းခန့်ပြီးစီး
Sep 02,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီးပိုလျှံရန်ပုံငွေဖြင့် အုန်းတော တံတားအား အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကပ်ထားကြေညာပေး
Sep 02,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ(၃၀) ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး များတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်၌ စည်းကမ်းတကျ ဈေးရောင်းချရေး ဆောင်ရွက်
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဈေးအသီးသီးနှင့် လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ တစ်လမ်းမောင်းသတ်မှတ်လမ်းများ တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စီမံချက်ချဆောင်ရွက်လျက်ရှိသည်။