ကော့မှူးတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲကျင်းပ

ကော့မှူး ဖေဖော်ဝါရီ 

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြော‌ပွဲ နံရံကပ်စာစောင်ပြပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအ.မ.ကမကျီးကန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတင် ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ကိုကိုနှင့်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ Book Club အဖွဲ့ဝင် ဒေါ်ဝင်းမြင့် တို့က(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့နှင့်ပတ်သက်၍ဟောပြောရာတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အသိ အမှတ်ပြုကာ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာခြင်းဖြစ်‌ကြောင်း၊ ပြည်ထောင်စု၏အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အထိမ်းအမှတ်နေ့များကို အမှတ်တရရှိစေရန် ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးခြင်းကြောင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောပြည်ထောင်စုနေ့ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)