တွံတေးမြို့နယ် အ.မ.က(မူလွန်)ထော်သိုတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ထော်သိုကျေးရွာအုပ်စု၊ ထော်သိုကျေးရွာရှိ အ.မ.က(မူလွန်) ထော်သိုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.မ.က (မူလွန်) ထော်သိုကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဇင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးအကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် လူငယ်များ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေး အထူးအလေးထားဂရုပြုရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်  ”ပြည်ထောင်စု”၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက

ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တွံတေးသား