သတင်းများ

ပွင့်ဖြူမြို့နယ်၌ စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး
Feb 09,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာ‌ကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၌ နိုင်ငံတော်အစိုးရနိကာယ်စာမေးပွဲတွင် ဝိနည်း(၅)ကျမ်း၌ တစ်နိုင်ငံလုံးတွင် ပထမရရှိအောင်မြင်ပြီး ဝိနယဝိဒူဘွဲ့ရရှိတော်မူသော ရှင်စန္ဒကိတ္တိနှင့် ဝိနည်း(၃)ကျမ်းအောင် ရှင်ပညာဗလတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ
Feb 09,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ နိုင်ငံတော်အစိုးရနိကာယ်စာမေးပွဲတွင် အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက) ဝိနည်း (၅)ကျမ်း၌ တစ်နိုင်ငံလုံးတွင် ပထမရရှိအောင်မြင်ပြီး ဝိနယဝိဒူဘွဲ့ရရှိတော်မူသော ရှင်စန္ဒကိတ္တိနှင့် ဝိနည်း(၃)ကျမ်းအောင် ရှင်ပညာဗလတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်အနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၈၈၄) ဦးအား ဘွဲ့လက်မှတ်အပ်နှင်းနိုင်
Feb 09,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ(၄)ရက်မှ (၉) ရက်ထိ ခြောက်ရက်တိတိ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပရာ ဘွဲ့ရမောင်မယ်စုစုပေါင်း (၈၈၄) ဦးအား ဘွဲ့လက်မှတ်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ တိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Feb 09,2025
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ တိုးတက်ရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းပန်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Feb 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့နယ်ဘောလုံးကွင်း၌ ယနေ့နံနက် ၈ နာရီက ယှဉ်ပြိုင်ခဲ့ကြပြီးနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အားကစားခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 09,2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့  ၂ နာရီက အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့ (Community Centre)ခန်းမ၌ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ 
Feb 09,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ (Community Centre)ခန်းမ၌ ဇွဲ(ပညာရေး)နှင့် အခြားကလောင်ရှင်များရေးသားသည့် “သုံးနားညီတြိဂံ”စာအုပ်ဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မိုးကောင်းမြို့ (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Feb 09,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။