ဒလမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

ဒလ ဖေဖော်ဝါရီလ ၉

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ဂွကျေးရွာတွင်  ကွန်ကရစ်လမ်းသစ်ဖွင့်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်၊၊

အခမ်းအနားတွင် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးကျော်ညီညီထွန်းမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ဂွကျေးရွာ ကွန်ကရစ်လမ်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂွကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးတင်၀င်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊၊

လမ်းဖွင့်ပွဲအခမ်းအနားကို တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တွံ‌တေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦး၀င်းထွန်းနိုင်၊ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးနှင့် ဂွကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးစိုးတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်၊၊

အဆိုပါလမ်းမှာ ယခင်ကတ္တရာလမ်းဖြစ်ပြီး ပျက်စီးနေခြင်းကြောင့် ကျေးလက်နေပြည်သူများ၊ ခရီးသွားပြည်သူများ သွားလာရေးအစဥ်ပြေစေရန်အတွက် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် (၄၈၀) ပေ၊ လမ်းအကျယ် (၁၀) ပေ၊ ထု (၆)လက်မ ကွန်ကရစ်လမ်းအဖြစ်ခွင့်ပြုရန်ပုံငွေ ကျပ် (၁၅.၀၀) ကျပ်သန်း၊ ပြည်သူများ စု‌ပေါင်းထည့်‌၀င်ငွေ (၂.၈၀) ကျပ်သန်း၊ စုစုပေါင်း (၁၇.၈၀)ကျပ်သန်းဖြင့် (၁၅-၁၁-၂၀၂၄) ရက်နေ့မှ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ (၂၁-၁၁-၂၀၂၅)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်နေပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)