ကော့မှူးမြို့နယ်အတွင်း ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးဆောင်ရွက်

ကော့မှူး ဖေဖော်ဝါရီ ၉

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီး ကြပ်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်ပိုင်းက အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ်အတွင်း ဆက်သွယ်ရေးတိုင်များ လျှပ်စစ်ဓာတ်တိုင် များပေါ်တွင် သွယ်တန်းထားသည့် လမ်းဘေးဝဲယာရှိ ဆက်သွယ်ရေးကြိုးများစနစ်တကျ ဖြစ်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)