ရွှေပြည်သာ စက်တင်ဘာ ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။ အသိပညာပေးဆောင်ရွက်ခြင်းများ၊ နေအိမ် အပြင်ထွက်တိုင်း နှာခေါင်းစည်းမတပ်သူများအား အရေးယူ ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန်ဝေပေးခြင်များကို ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန့်နေ့ ညနေပိုင်းတွင် ရွှေပြည်သာမြို့နယ် စည်ပင်သာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖေးမကူညီဖြူစင် ပရဟိတအသင်းနှင့် အလှူရှင်များ စုပေါင်း၍ ရွှေပြည်သာမြို့နယ် လှော်ကား တာဆုံ၊ အောက်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)