လှိုင်သာယာမြို့နယ်အတွင်း သိမ်းဆည်းခံ လယ်ယာမြေများအတွက် မြေလျော်ကြေး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)  စက်တင်ဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း သိမ်းဆည်းခံ လယ်ယာမြေများ အတွက် မြေလျော်ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် ခန်းမတွင် ကျင်းပ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြေလျော်ကြေး အဖြစ် တဧကလျှင် ကျပ်သိန်း(၁၀၀)နူန်းဖြင့် (၁၁၈.၉၄)ဧက အတွက် လယ်သမား(၁၉)ဦးအား ကျပ်သန်းပေါင်း(၁၁၈၉၄၀၀၀၀၀)ကျပ်သန်း ပေးအပ်ခဲ့သည်။ အဆိုပါ အခန်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ၊ မြန်မာ့မီးရထားတာဝန်ခံ ဦးအေးမင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သိမ်းဆည်းခံလယ်ယာမြေ လယ်သမား(၁၉)ဦး အတွက် မြေလျော်ကြေးများကို ၊ မြန်မာ့မီးရထားမှ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)