မန္တလေး စက်တင်ဘာ ၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲကစတင်၍ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း၊ မြရတနာခန်းမတွင် မြို့နယ်မဲဆန္ဒရှင်များ စိစစ်ရေးကော်မတီ အဖွဲ့များနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာရမည်ဖြစ်ရာ မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)