လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် ဆောင်ရွက်

လှိုင်းဘွဲ   စက်တင်ဘာ  ၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကလေးသူငယ် အခွင့် အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ကလေးသူငယ်အခွင့်အရေးရရှိစေဖို့အတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်က လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်နေ သည့် ကလေးသူငယ်များအခွင့်အရေး (၄) မျိုးကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ကလေးသူငယ်များ ပညာသင်ယူဆည်းပူးနိုင်ခွင့်တို့ကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)