ဇလွန် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ တည်းခိုခန်းများနှင့် စားသောက် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ တာဝန် ရှိသူများမှ ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက တည်းခိုခန်းများနှင့် စားသောက်ဆိုင်များ၏ အရှေ့မျက်နှာစာတွင် လက်ဆေးရန် ဘေးစင်များထားရှိခြင်း ရှိ/မရှိ၊ အခန်းများအား သန့်ရှင်းစွာ ဆောင်ရွက်ထားရှိခြင်း ရှိ / မရှိ ၊ အမှိုက်များအား စွန့်ပစ်ရန် အမှိုက်ပုံများ ထားရှိခြင်း ရှိ / မရှိနှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိတို့ကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်