ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ကသွယ်ချောင်း မြေထိန်းနံရံ တည်ဆောက်နေမှုအား တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ်ရေးစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ ဌာနစုမှူး AE ဦးဟန်ကျင် တာဝန်ယူဆောင်ရွက်နေသော တောင်သူကုန်းရပ်ကွက်၊ ကသွယ်ချောင်းအတွင်း (၂x၆၄၅x၇) ပေ အတိုင်းအတာရှိ မြေထိန်းနံရံ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ပြီးစီးရန်နှင့် စံချိန်စံညွှန်းပြည့်မှီရန် အလေးထား ဆောင်ရွက်စေလိုကြောင်း စသည်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)