မူဆယ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အထိမ်းအမှတ်ဖြင့် မြန်မာနိုင်ငံတော်အလံများ မြို့လမ်းမများပေါ်တွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မှစ၍ လွှင့်ထူထားကြောင်း သိရသည်။
မူဆယ်မြို့သည် မြန်မာ-တရုတ်၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ရှိသည့် နယ်စပ်မြို့ဖြစ်သည်။ ထိုသို့ နယ်စပ်ဒေသဖြစ်သည်အတွက် နိုင်ငံသားများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ခိုင်မာစေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများ လွင့်ထူထားခြင်းဖြစ်ကြောင်း သိရသည်။
မြို့တွင်းလမ်းမများတလျှောက်၌ နိုင်ငံတော်အလံများ လွှင့်ထူထားသည့်အတွက် နိုင်ငံတော်လက္ခဏာဖြစ်ပြီး မြို့သာယာလှပခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်းများ၊ နိုင်ငံငြိမ်းချမ်းမှုနှင့် ပြည့်စုံပြီး အေးချမ်းသာယာမှုရှိသည့် နယ်စပ်ဒေသ မူဆယ်မြို့သည် စည်ကားသာယာလျက်ရှိကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)