ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ အလင်းစစ်ပညာဒါနလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သင်ထောက်ကူပစ္စည်းများ လှူဒါန်း

ပဲခူး ဖေဖော်ဝါရီ  ၉

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့်အဖွဲ့သည် ယမန်နေ့က ပဲခူးမြို့၊ အလင်းစစ်ပညာဒါနလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံသုံးဆပ်ပြာ၊ တရော်ကင်ပွန်းခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကျောင်းအုပ်ဆရာတော်ထံ သွားရောက်ဖူးမြော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခြင်း၊ ကျောင်းတိုက်အတွင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ထမင်းများ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)