ဓနုဖြူ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ လွတ်လပ်ရေးပန်းခြံရှေ့နှင့် အမှတ်(၁၈)ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များပါဝင်သော မြေစိုက်ပိုစတာကို အမွှေးနံ့သာများ ပက်ဖျန်းစိုက်ထူခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)