ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ  ၄ နာရီ အချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုးက အားကစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကစားသွားကြရန်နှင့် ပြိုင်ပွဲ စည်းမျဥ်း၊ စည်းကမ်းများအား ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဘောလုံးဝါသနာရှင်များစုပေါင်း၍ ဘောလုံးပြိုင်ပွဲတွင် (၄) သင်းဖွဲ့စည်းကာ ပတ်လည်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား (၇၈)နှစ်​မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးဦးကျော်ဇင်ဖြိုးထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)