သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် အိန္ဒိယနိုင်ငံ၏ဂန္ဓဝင်ဘာသာစကားများသတ်မှတ်ခြင်းအထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်
Oct 24,2024
မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးပြုလုပ်သော အိန္ဒိယနိုင်ငံရှိ Asames ဘာသာ၊ Bengali ဘာသာ၊ Pali ဘာသာ၊ Marathi ဘာသာနှင့် Prakrit ဘာသာတို့အား အိန္ဒိယနိုင်ငံ၏ ဂန္ဓဝင်ဘာသာစကားများ အဖြစ်သတ်မှတ်သည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ(၂၂)ရက်နေ့ ညပိုင်းက Mandalay Convention Centre တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr. Sundeep Kaushal နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အုတ်တွင်းမြို့နယ်၌ ရေဘေးကြောင့်မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရာဂိမုန်တိုင်းကြောင့်ရေကြီးရေလျှံမှုများ​​ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စု(၅)အုပ်စုရှိ ကျေးရွာအချို့မှရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့ငွေနှင့်
ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားအားကစားပွဲတော်အတွက် အားကစားရုံ၊ အားကစားကွင်း များအတွင်း ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုအားပေး၊ ဧရာဝတီမြစ်ကမ်းဘေး သဲခုံများပေါ်တွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းစစ်ဆေး
Oct 23,2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၁) နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်၌ မီးဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်
Oct 23,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အောက်တိုဘာလ (၁၅) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူနေအိမ် (၂) လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင် အားကစားသမားများ ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 23,2024
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲဝင်အားကစားသမားများအဖွဲ့ ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးစကား‌ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်
Oct 23,2024
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင်မင်္ဂလာနှင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲ ကျင်းပ
Oct 23,2024
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး၊ ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်( ၉ )နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၊ YMBA ခန်းမအနီးရှိ အိမ်အမှတ်(၁)ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။