နန်းယွန်း စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ယမန်နေ့ညနေပိုင်း ကစပြီး COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဦးစီး၍ မြို့ပေါ်ရပ်ကွက်များသို့ လှည်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လူစုလူဝေးရှောင်ရန်၊ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ အပြင်ထွက်တိုင်းနှာခေါင်းစည်း Mask တပ်ဆင် ရန်နှင့် လက်ကိုဆပ်ဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာပွတ်တိုက်ရန်၊ မကြာခဏ ဆေးကြောရန် စသည့် ဆောင်ရန်/ရှောင်ရန်နှင့် လိုက်နာ ရမည့် အချက်များကို အသိပေးဆော်သြခဲ့ကြောင်းနှင့် အလားတူအသိပေးဆော်သြမှုများကို ရပ်ကွက်တိုင်းတွင် ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)