ပိုင်ကျုံမြို့ ‌ချောင်းကူးတံတား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ‌ ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ   စက်တင်ဘာ   ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါချောင်းကူးတံတားသည် ပိုင်ကျုံမြို့ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ကို ဆက်သွယ်ထားလျက်ရှိရာ  အရှည် (၁၁၈၄ဒသမ၆) ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၅၀၀) ဖြင့် သံပြားကြမ်းခင်းလဲလှယ်ခြင်းလုပ်ငန်းများကို ဇွန်လ (၂၄) ရက်တွင် တံတားအထူးအဖွဲ့ အမှတ် (၁၄) မှ ဦးရဲမြင့်ထွန်း မြို့ပြအငယ်တန်းအင်ဂျင်နီယာ (၂)က ကြီးကြပ်တာ၀န်ယူဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။ ပိုင်ကျုံချောင်းကူးတံတားကြီးသည် ပိုင်ကျုံ-နဘူး-ကော့ကရိတ်လမ်းမပေါ်တွင်တည်ရှိရာ အသုံးပြုသွားလာ သူ များပြားလျက်ရှိရာ တံတားကြီးပြင်ဆင်မှု ရာနှုန်းပြည့်ပြီးစီးခြင်းကြောင့် (၂၄) နာရီ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ် ကြောင်း သိရသည်။

စောpဖိုး(ပြန်/ဆက်)