သံဖြူဇရပ် စက်တင်ဘာ ၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျ ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာဆွေးနွေးပွဲ (Talk Show )ကို ယနေ့နံနက် ၁၁ နာရီကမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဌေးလွင်က လူကုန်ကူးမှုတားဆီး ကာကွယ် ရေးလုပ်ငန်းနှင့်မြို့နယ်အတွင်း လုပ်ဆောင်ထားမှုများကိုလည်းကောင်း၊ မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်သော်မောင်က လူကုန်ကူးမှုခံရသူများ ပြန်လည်လက်ခံရေး ၊ ပြန်လည် ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လည်းကောင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းက မြို့နယ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
အေးအေးသီ(ပြန်/ဆက်)