ဖလမ်း၌ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေေကြေးထောက်ပံ့ငွေများ ထုတ်ပေး

ဖလမ်း      စက်တင်ဘာ   ၁

မိခင်နှင့်ကလေးသူငယ်များ၏ ဘဝပထမရက်(၁၀၀၀)အတွင်း အာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့သည့် ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစ၍ ဖာရ်ထောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအထိ အကျိုးခံစားမည့်သူ (၅၄)ဦး၊ ဇူလိုင်လမှ စက်တင်ဘာလအထိ အကျိုးခံစားမည့်သူ (၅၂)ဦး၊ စုစုပေါင်း (၁၀၆)ဦးတို့အတွက် တစ်လလျှင် ကျပ် ၁၅၀၀၀/-နှုန်းဖြင့် (၆)လစာအတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)