နန်းယွန်း စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ဈေးရောင်း/ ဝယ်လာ သောပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ လမ်းဆုံ၊လမ်ခွ များသို့ ဈေးရောင်း/ဝယ်ပြည်သူများအား နေအိမ်အပြင် ထွက်လျှင်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် ၂၀ကြာဆေးကြောရန် စသည့်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ သွားလာ နေထိုင် ရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ပြည်သူများအားနေအိမ်အပြင်ထွက်လျင် နှာခေါင်းစည်း Mask များတပ်ဆင် ကြရန်နှင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)