သတင်းများ

မင်းတပ်မြို့၌ ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Sep 02,2020
မင်းတပ်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများတွင် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများတွင် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ အမှားအယွင်းမရှိစေရေးနှင့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပေါင်းစပ်ညိှနှိုင်း၍ အဖွဲ့ ၁၆ဖွဲ့ခွဲကာ မဲဆန္ဒရှင်စာရင်းများကို ဩဂုတ်လ ၂၁ ရက်မှ စတင်၍ ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဂျိုးတောင်အုပ်စု၊ မော်နိုင်းအုပ်စု၊ မော်ခါးကျေးရွာအုပ်စုသို့ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာ
Sep 02,2020
ဧရာဝတီတိုင်း​ဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကို အက္ခရာစဉ်အလိုက် ပုံစံ(၁၀)ပြုစု၍ သြဂုတ်လ (၃၀)ရက် နေ့ကစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် ကြော်ငြာဘုတ်ဖြင့် ကပ်ထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံ-လှိုင်းဘွဲလမ်းရှိ ကစိုကျေးရွာ၊ ပိုင်ကျုံမြို့လမ်းခွနှင့် ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာရှိ ထီလုံ-ပိုင်ကျုံ-‌ကော့ကရိတ်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပ
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကျန်းမာ ရေးဆိုင်ရာ ပေါင်းစပ်‌ညှိနှိုင်းရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး အစည်း‌‌အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်သင်ကြား
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဝဲကြီး ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွွားရေးကုစားမှုအစီအစဉ်အရ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 02,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။