လှိုင်းဘွဲ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးလင်းခိုင်က ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်တွင် ပါရှိသည့်အကြောင်းအရာများ၊ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စောမျိုးသက်ဦးက ရည်မှန်းချက်နှင့်ယုံကြည်မှု၊ အလိုရှိရုံမျှနှင့် မဖြစ်နိုင်ပေ၊ အောင်မြင်ဖို့ကာ ထက်ထက်သန်သန် ဆန္ဒရှိရမည်၊ ထိုဆန္ဒသည် ခင်ဗျားအိပ်ချိန်များကို တိုတောင်းသွားစေရမည်ဆိုသောအကြောင်းအရာများကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက အသီးသီး ပြန်လည်ဆွေနွေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)