ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပိုင်ကျုံ စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ  ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံ-လှိုင်းဘွဲလမ်းရှိ ကစိုကျေးရွာ၊ ပိုင်ကျုံမြို့လမ်းခွနှင့် ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာရှိ ထီလုံ-ပိုင်ကျုံ-‌ကော့ကရိတ်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို ပိုင်ကျုံမြို့ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိ အိမ်တွင်စနစ်တကျနေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်းများ တပ်ဆင်လာခြင်းမရှိသူများအား နှာခေါင်းစည်းများ တစ်ခုလျှင် (၅၀၀) ကျပ်နှုန်းဒဏ်ငွေအဖြစ်ပေးဆောင်စေပြီး တပ်ဆင်စေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)