နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပ

လဟယ် စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကျန်းမာ ရေးဆိုင်ရာ ပေါင်းစပ်‌ညှိနှိုင်းရေးအစည်းအဝေးကို ယနေ့နံနက် ၉  နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး အစည်း‌‌အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သက်ဇင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဦးပေါင်ခုမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီး      အဆိုပါ သင်တန်းကို စက်တင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ (၂) ရက်ကြာ ငှက်ဖျား တိုက်ဖျက်ရေးအဖွဲ့ (MAM) နှင့် (Unicef) တို့မှ မြို့နယ်ကျန်းမာရေးဆရာမှူးနှင့် သားဖွား ဆရာ/မတို့အား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပါမင်းလိုင်(ပြန်/ဆက်)