မင်းတပ် စက်တင်ဘာ ၂
မင်းတပ်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမနားယော က " ပြည်သူတွေက အကူအညီပေးဖို့ တောင်းခံလာတဲ့အခါ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးအရေးအဖွဲ့ကို ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် (၉) မြို့နယ်မှာဖွဲ့စည်းပြီး ဒေသခံပြည်သူတွေကို ဥပဒေဆိုင်ရာ အကူညီပေးခြင်း ဆောင်ရွက်နေပါတယ်" ဟု ပြောကြားသည်။
မင်းတပ်မြို့နယ်ရှိ ကျေးလက်နေပြည်သူများ၊ မင်းတပ်မြို့ပေါ်ရပ်ကွက်များနှင့် မင်းတပ်မြို့မစျေးသို့ လာရောက်သည့် ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင် (၅၀၀) စောင်အား ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)