သတင်းများ

တံတားဦးမြို့နယ်တွင် ဈေးရောင်းဈေးဝယ်များအား နှာခေါင်းစည်း တပ်ဆင်မှုရှိ/မရှိစစ်ဆေး
Sep 02,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၈) နာရီက တံတားဦးမြို့မဈေးအတွင်းနှင့် ကုန်ဈေးတန်းတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းဝေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ် သည်။
တောင်ဥက္ကလာပမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေကြီးရေလျှံမှု လျှော့ချနိုင်ရန် ရေမြောင်းဆယ်ယူခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်စည်ပင် သာယာ‌ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည်။
ဒေးဒရဲမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတိုင်း ဆန္ဒမဲပေးရာတွင် ကျန်ရှိမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို သြဂုတ်(၂၀)ရက်နေ့ နံနက် ၈ နာရီတွင် စတင ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
သံတောင်မြို့ Quarantine Centre အတွက် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များထောက်ပံ့
Sep 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် Quarantine Centre အတွက် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက (ဆ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ခင်သီတာအောင်နှင့် ဝန်ထမ်းများ၊ (ဆ)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့်အဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 02,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး သံတောင်မြို့ အဝင်၊ အထွက်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။