အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာ

အိမ်မဲ  စက်တင်ဘာလ ၂

ဧရာဝတီတိုင်း​ဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကို အက္ခရာစဉ်အလိုက် ပုံစံ(၁၀)ပြုစု၍ သြဂုတ်လ (၃၀)ရက် နေ့ကစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် ကြော်ငြာဘုတ်ဖြင့် ကပ်ထားဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

အိမ်မဲမြို့နယ်တွင် မဲရုံပေါင်း(၁၆၂) ရုံရှိပြီးဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း (၁၃၈၈၁၆)ဦးရှိရာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၉)ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမှတ်(၁)တိုင်းဒေသကြီး  လွှတ်​​​​တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦးဖြင့် စုစုပေါင်း(၄၁)ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို အများပြည်သူ သိရှိလေ့လာနိုင်စေရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် ကပ်ထားကြေညာ ထားရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)