အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် online page မှ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဆောင်ရွက်
Sep 02,2020
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Page မှ Online အသိပညာပေး အစီအစဉ်ဖြင့် ပုံပြောပြခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများစသည့် အစီအစဉ်များကို သတ်မှတ်နေ့များအလိုက် အပတ်စဉ် ဆောင်ရွက်ချက်ရှိရာ ယမန်နေ့ အင်္ဂါနေ့ တွင်လည်း ဉာဏ်စမ်းပဟေဠိ အဖြေညှိအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။