ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများတွင် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉) နာရီက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးများ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့် ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကြီး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တာဝန်ရှိသူများက အင်းစိန်ဈေးနှင့် ပဒေသာလမ်း တစ်လျှောက် တွင် နှာခေါင်းစည်း(၄၀၀)ခုကို အခမဲ့ ဖြန့်ဝေခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ကမ်းနားအလယ်ရပ်ကွက်၊အောင်ဇေယျအိမ်ရာ၊ အောင်ဇေယျ ဈေးရှေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ဈေးကော်မတီ ဝင်များနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပုဏ္ဏမီ(Purified Drinking Water) လုပ်ငန်းနှင့် ဈေးကော်မတီတို့ စုပေါင်းလှူဒါန်းသော အဝတ် နှာခေါင်းစည်း (၆၀၀) ခုအား အခဲ့ဖြန့်ဝေခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)