သတင်းများ

မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာ
Sep 02,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက ရေစီအ ထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကို ဩဂုတ်လ(၃၁)ရက် နေ့မှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့၊ အမှတ်(၁၂၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)က နှာခေါင်းစည်း စုစုပေါင်း(၅,၀၀၀)ကို ပြည်သူများထံ (အခမဲ့)ဖြန့်ဝေပေး
Sep 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ နှာခေါင်းစည်း စုစုပေါင်း(၅,၀၀၀)ကို ယမန်နေ့က ပြည်သူများထံ(အခမဲ့) ဖြန့်ဝေပေးသည်။
ဂန့်ဂေါမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစားကုန်များ ထောက်ပံ့
Sep 02,2020
ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနကကြီးမှူး၍ ဂန့်ဂေါခရိုင်ရုံး နှင့် ဂန့်ဂေါမြို့နယ်ရုံး တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအတွက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ ညနေပိုင်းက အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်သည်။
ညောင်ဦးမြို့အဝင်၊ အထွက်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ထား
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့အဝင်ခရီးသွားများ၊ ညောင်ဦးမြို့သို့ အရောင်းအဝယ်လာရောက်သည့်ဈေးကားများအား မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ယမန်နေ့ နံနက် ၆ နာရီမှစတင်ကာ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်း လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 02,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် နမ္မတူမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကို ယမန်နေ့နံနက် (၁၁)နာရီအချိန် က စတင်၍ နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ပုံစံ-၁၀ ဖြင့် ကြေညာထားကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် မိုးရာသီသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေ နှင့်   COVID-19 SPECIAL RELIEF LOAN ချေးငွေများအတွက် ငွေကျပ်သိန်းပေါင်းနှစ်သောင်းကျော် ထုတ်ချေးပြီးစီး
Sep 02,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ပြည့်နှစ် မိုးရာသီသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများကို မေလ ၁၅ ရက်နေ့နှင့်COVID-19 SPECIAL RELIEF LOAN ချေးငွေများကို ဇွန်လ ၂၃ ရက်နေ့ မှစ၍ စတင်ထုတ်ချေးပေးခဲ့ရာ ချေးငွေ နှစ်ခုစလုံး အတွက်ငွေကျပ်သိန်းပေါင်းနှစ်သောင်းကျော်ကို ဩဂုတ်လ ၂၇ ရက်နေ့တွင် အပြီးသတ်ထုတ်ချေးပြီးစီး ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ နေရပ်ပြန်ပြည်သူများအား ထားရှိရန် Facility Quarantine Centre အဖြစ် အသုံးပြုနိုင်ရေး သူနာပြုနှီးနွယ် သင်တန်းကျောင်းအား ကွင်းဆင်းကြည့်ရှု
Sep 02,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများ အား သူနာပြုနှီးနွယ် သင်တန်းကျောင်းတွင် Facility Quarantine Centre အဖြစ် ထားရှိပြီး အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ထိုက်၊ ဒေါက်တာလဲ့လဲ့ဝင်း ဦးဆောင်သော မြို့နယ်မှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။