COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း ကြည့်ရှု စစ်ဆေး
Mar 27,2020
ချင်းပြည်နယ် ဟားခါးမြို့တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယလူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီစောင့်ကြပ် ကုသနိုင်ရေးအတွက် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၊ အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)တို့တွင် ကြိုတင်ပြင်ဆင်မှုများထားရှိရာ အဆိုပါနေရာများအား ယနေ့ညနေ ၆ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရှိရပါသည်။