သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များအား ကျန်းမာရေးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိရှောင်တခင်စစ်ဆေး ဆောင်ရွက်
Sep 02,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင် များအား ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေး ဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ရပ်ကွက်အသီးသီးရှိ စုရပ်နေရာများ၌ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၉) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး
Sep 02,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလတ်ခရိုင် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် ဝမ်တွီကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား စက်တင်ဘာ ၂ ရက်က မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။
ဘိုကလေးမြို့နယ် တမံချောင်းကျေးရွာနှင့် ခြံချောင်းကျေးရွာ ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက် နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တမံချောင်းကျေးရွာနှင့် ခြံချောင်းကျေးရွာ ချောင်းကူး ကွန်ကရစ်တံတားအား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိရာ တည်ဆောက်နေမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် တာဝန်ရှိိသူများမှ ကွင်းဆင်း စိစစ်ခဲ့ကြသည်။
ဘုတလင်မြို့နယ်၊ မြောက်တောကျေးရွာအုပ်စုတွင် စနစ်တကျ လယ်ယာမြေ ဧက (၁၀၀) ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီး၍ မိုးစပါးများ စိုက်ပျိုး
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် Tech Friend ကုမ္ပဏီတို့ ပူးပေါင်းပြီး မြောက်တောကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၂၂ (က) မယ်ဟန်သီကွင်းတွင် စနစ်တကျ လယ်ယာ မြေဧက(၁၀၀) ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီး၍ မိုးစပါးများ စိုက်ပျိုးနေပြီ ဖြစ်ကြောင်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်
Sep 02,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကား မှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် သိပညာပေးခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့ရှိ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုး/တိုက်ကျွေး
Sep 02,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုး/တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၇ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးခဲ့သည်။