သံတောင် စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး သံတောင်မြို့ အဝင်၊ အထွက်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သံတောင်မြို့အဝင်အထွက်ဂိတ်တွင် ခရီးသွားလာနေသောပြည်သူများအား နှာခေါင်းစည်းများအခမဲ့ဖြန်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရီးသွားလာသူများ၏ နေရပ်လိပ်စာများ ရယူမှတ်တမ်းထားရှိခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သံတောင်မြို့တာဝန်ခံဆရာဝန် ဒေါက်တာစစ်သွေးပိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လဝကဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူငယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)