သတင်းများ

ပင်လည်ဘူးမြို့၌ မိုးစပါးစိုက်ခင်းများအချို့ ဂုတ်ကျိုးရောဂါပိုးကျရောက်မှုများအား ကွင်းဆင်း စစ်ဆေးခြင်းနှင့် တောင်သူအသိပညာပေးဟောပြောခြင်းဆောင်ရွက်
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ယင်းသာကျေးရွာ၊ အထက်ပြစ်ဆိုင်‌ကျေးရွာနှင့် သရက်ကန်ကျေးရွာတို့တွင် စိုက်ပျိုးထားရှိသည့် မိုးစပါး စိုက်ခင်းအချို့တို့တွင် ဂုတ်ကျိုး ရောဂါပိုးများကျရောက်မှုများရှိရာ ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးနန်းဝင်း၊ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ
Sep 02,2020
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကယား ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦး၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်(၁) ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်စီးပြီဖြစ်၍ ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေး ဆောက်ရွက်လျက်ရှိ
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မိုင်းယောင်းမြို့နယ်၌ ဝေသန္တရာဇာတ်တော်ခင်းပွဲကို လူအနည်းငယ်ဖြင့် ပြုလုပ်လှူဒါန်း
Sep 02,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ယနေ့တွင် ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဋ္ဌာန်း)ကို လူအနည်းငယ်ဖြင့် ပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် မူလတန်းပညာရေးမိသားစုမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်းအား ကန်တော့ငွေထောက်ပံ့ပေးအပ်
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မူလတန်းပညာရေး မိသားစုနာရေးနှင့် ပင်စင် ထောက်ပံ့ရေးအဖွဲ့မှ ပင်စင်ယူသည့် ဆရာမကြီးတစ်ဦးအား ကန်တော့ငွေ ပေးအပ်ထောက်ပံ့သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အရှေ့လမ်းအမကကျောင်း၌ ကျင်းပပြုသည်။
ကော့ကရိတ်မြို့တွင် လွှတ်​တော်ကိုယ်စားလှယ်​လောင်း အမည်စာရင်းများ​ကြေညာ
Sep 02,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဩဂုတ် (၃၀) ရက်နေ့မှစတင်၍ ​ကော့ကရိတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို မြို့နယ်ကော်မရှင်ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး လှည့်လည်အသိပေးနှိုးဆော်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်   ကျန်းမာရေး ဦးစီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေးအတွက်
ကိုဗစ် - ၁၉ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးလျက်ရှိကာ မြို့တွင်းသွားလာသူများ နှာခေါင်းစည်းတပ်ဆင်သွားလာစေရေးစစ်ဆေး
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်မြို့ အဝင် ကျွဲကူး-ကျောက်ဖျာတံတားတွင် စစ်ဆေးရေးဂိတ်ကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ပြီး ပူးပေါင်းအဖွဲ့များဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာသူများကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့တွင်းသွားလာသူများ နှာခေါင်းစည်းများ တပ်ဆင်သွားလာစေရေး စစ်ဆေးလျက်ရှိသည်။